Monday, September 7, 2009


ကမ္ဘာတစ်ခြမ်းမှ အလွမ်းည

မီးရှူးမီးပန်းလို
တလက်လက်တောက်နေတဲ့ အလွမ်းတွေနဲ့
ဟိုဟိုဒီဒီ လမ်းထ လျှောက်မိတယ်
ဒီဘက် ကမ္ဘာခြမ်းမှာတော့
မသိမသာ အကန်းပါလား

ဆီမီးခွက်ထဲက မီးစာလို
တလက်လက် တောက်ပခွင့်လည်းမရခဲ့

မီးပုံးပျံတွေလို
ငါ့စိတ်ကူးတွေ လွှတ်တင်မိတယ်

ဗျောက်အိုးတွေ
တဗောင်းဗောင်း ဖောက်နေသလိုပါပဲ
ငါရင်တွေ တဗြောင်းဗြောင်း ပေါက်နေခဲ့တယ်

ဟိုဘက် ကမ္ဘာခြမ်းမှာတော့
ဘုရားသွား ကျောင်းတက်
ခေတ်အဆက်ဆက် ကန်တော့ခန်းတွေနဲ့
ရပ်ကွက်လမ်းတွေလည်း အလင်းဆန်းနေတော့မယ်

ငါတို့ရပ်ကွက်လမ်းက ကာလသားတွေ
ဘကြီးသာဖေ လော်နဲ့
ကာရာအိုကေ အော်လို့
အပျော်ကြီး ပျော်နေရော့မယ်

ငါတို့အိမ်မှာလည်း
အဖေ့တပည့်တွေက
အဖေ့ကို လာကန်တော့လို့
ကြွက်နီတစ်ယောက်
ဗျောက်အိုး ဖောက်နေရော့မယ်

ဒီဘက် ကမ္ဘာခြမ်းမှာတော့
မီးရှူးမဖေါက် မီးစာမတောက်ဘဲ
ကိုယ့်ဖယောင်းနဲ့ကိုယ် တောက်
ကိုယ့်ရင်ဘတ်ကိုယ် ဗျောက်အိုးဖောက်ခဲ့ပေါ့

ရင်ဘတ်ပေါက်နဲ့ လမ်းလျှောက်နေသည်။

လေပြည် (၅-၉-၂၀၀၉၊ ည ၁၁း၄၅)

0 comments:

Template