Wednesday, December 9, 2009

ဘောင်ခတ်ထားတဲ့နှလုံးသာ:


**ဆန္ဒတွေ မျက်ရည်ကျလောက်အောင်
အတ္တတွေဒူးထောက်ရလောက်အောင်
နှလုံးသားကိုဘောင်ခတ်ထားမိတယ်..
**ငါ့ နှလုံးသားလေး …..
မြက်ခင်းစိမ်းကျယ်မှာသူ့ဆန္ဒရှိသလောက်
ခုန်ပေါက်ပျော်ပါးဆော့ကစားပါစေ...
ရေရွတ်မိတဲ့ စကားလုံးတွေရဲ့နောက်
ငါ့နှလုံးသားကို ဘယ်သူဘောင်လာခတ်ပြန်တာလဲ...
**ဘယ်သူလဲ မှတ်တယ် …
လတ်စသတ်တော့ "ငါကိုယ်တိုင်ပါပဲလားးး"
ကိုယ်တိုင်ချမှတ်တဲ့....စည်း၊ဘောင်တွေထဲ
မျှော်မှန်းတဲ့ စံ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား
Self respect တွေ သိပ်များတဲ့ ငါ
ငါကိုယ်တိုင်လည်း ဆန္ဒတွေနောက် မလိုက်နိုင်
**အတ္တတွေအာသာပြေဖို့....
လွတ်လပ်တဲ့ သူတစ်ယောက်ကို
** ထပ်ဖန်တီး ပြန်တော့လည်း
ငါ့ ကိုယ်ပွား "သူ" က ငါ့ အတိုင်းပဲ လာတာပါပဲလားးး
**ကိုယ်တိုင်ချမှတ်ထားတဲ့..
စည်း၊ဘောင်တွေထဲအံဝင်ခွင်ကျဖြစ်နေဖို့
ဘယ်နေရာသွားသွား ဘာတွေဖြစ်ဖြစ်
ငါ့ကို "ငါ" ကိုယ်တိုင် ဘောင်ခတ်မိနေအုံးမှာပါပဲလားးး။
ခိုင်နုငယ်

0 comments:

Template